Home » Background History

Background History

မအူပင်တက္ကသိုလ်

Maubin University

mub log 1

မအူပင်တက္ကသိုလ်၏သမိုင်းအကျဉ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်
မအူပင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍
(၁၈-၂-၂၀၀၂) ရက်နေ့တွင် စတင် ဖွင့်လှစ် သင်ကြားခဲ့ပါသည်


Logo ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

ပညာတိုးမြှင့်တိုင်းကျိုးတင့် ဆောင်ပုဒ်သည် ပညာရည်မြင့်မားလျှင်တိုင်းပြည်လည်း ပိုမိုဖွံ့ဖြိုးတင့်တယ်လာမည်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ဟူသောအဆိုကိုညွှန်းဆိုပါသည်။ ထိပ်ဆုံးမှစာအုပ်သည် ပညာရပ်အသီးသီးကိုညွှန်းပါသည်။ ဘွဲ့ဦးထုပ်သည် အတတ် ပညာရှင်၊ အသိပညာရှင်အသီးသီးကိုရည်ညွှန်းပါသည်။ စပါးနှံသည် စိုက်ပျိုးရေးကိုအခြေခံသောစီးပွားရေးမူဝါဒကိုလည်းကောင်း၊ တစ်နိုင်ငံလုံး စပါးစိုက်ပျိုးမှု၏ လေးပုံတစ်ပုံ စိုက်ပျိုး ထုတ်လုပ် ပေးနေသောဧရာဝတီတိုင်း၏ထွက်ကုန်ကိုလည်းကောင်း၊ ဒေသကြွယ်ဝမှုကိုလည်းကောင်း ရည်ညွှန်းပါသည်။ လှေသည် အကြေအညာ ကုန်ဖလှယ်မှုသင်္ကတ၊ ကုန်စည်စီးဆင်းရာ နဒီဧရာ၏ ဒေသဖွံ့ဖြိုးမှု သဘာဝကို ညွှန်းဆိုပါသည်။ ရေလှိုင်းသည် ဧရာဝတီရေပြာကြည်ကို ကိုယ်စားပြုပါသည်။


history


မအူပင်တက္ကသိုလ်

 Maubin University
ပညာဖွံ့ဖြိုး ပြည့်အကျိုး
To develop the knowledge for benefit of the country
မအူပင်တက္ကသိုလ်
 IMG_0257
တည်ထောင်ခုနှစ် ၁၈-၂- ၂၀၀၂
ပါမောက္ခချုပ် ဒေါက်တာမင်းအောင်
ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းမြင့်သိန်း
ဒေါက်တာလွင်လွင်မြင့်
တည်နေရာ အိုင်ဝိုင်းကျေရွာ၊ မအူပင်မြို့
တက္ကသိုလ်၏

နောက်ခံသမိုင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဧရာ၀တီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့တွင် ဧရာ၀တီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍

(၁၈-၂-၂၀၀၂)ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြား ခဲ့ပါသည်။

တည်ရှိရာမြို့ကို အစွဲပြု၍ မအူပင်တက္ကသိုလ် (Maubin University) ဖြစ်၍ သင်္ကေတအဖြစ် (mub) ဟု သုံးစွဲသွားပါမည်။

မအူပင်တက္ကသိုလ် တည်နေရာမှာ (16° 42′ 07″ N- 16° 42′ 22″ W နှင့် 95° 39′ 20″ E- 95° 35′ 55″ E)ကြားတွင် တည်ရှိပါသည်။ ဧရိယာအကျယ်အဝန်းအားဖြင့် (67.07) ဧက ကျယ်ဝန်းပါသည်။

အဖွဲ့အစည်း ပညာရေးဝန်ကြီးဌာန